သတင်းများ

မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာ၌ ဆင်းဧကရီ(၃)မိုးစပါးစံကွက်ရိတ်သိမ်း
Oct 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးစပါးပန်းတိုင်ဧရိယာအတွင်း စိုက်ပျိုးထားသည့် ဝမ်ပုံကျေးရွာရှိ တောင်သူ ဦးအိုက်နွန်း၏ မိုးစပါးစိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို အောက်တိုဘာလ  ၃ရက်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ အောင်မြင်စွာ ထုတ်ချေးပြီးစီး
Oct 03,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၈ ရက်နေ့ကစပြီး တောင်သူများလက်ဝယ်အရောက် စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ စက်တင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ်အတွင်းရှိ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပေးရမည့် တောင်သူများအားလုံးကို အောင်မြင်စွာ ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် ထံက သိရသည်။
မိုင်းတုံမြို့ Community Centre ခန်းမ၌ ‌အသိပညာပေးဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ
Oct 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre )ခန်းမ၌ အသိပညာပေဟောပြောပွဲနှင့် ပြိုင်ပွဲများကိုယမန်နေ့  ည‌နေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
“ပန်းခင်း”စီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးအပ်
Oct 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “ပန်းခင်း” စီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ အောက်တိုဘာလ (၂)ရက် မွန်းလွဲ(၁)နာရီက ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်အုပ်စုရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
နတ်မောက်မြို့နယ် တမာပင်ကွင်း၌ အဝါရောင်ပိုးထောင်ချောက်များ စိုက်ထူ
Oct 03,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အဝါရောင်ပိုးထောင်ချောက်များ စိုက်ထူပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တမာပင်ကွင်း၌ ဆောင်ရွက်ခဲ့သည်။
မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေး
Oct 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က     မိုင်းလုံမြို့ နယ်မြေမီးသတ်စခန်းတွင်  သွားရောက်ဌားရမ်းပေးခဲ့သည်။ 
မောက်မယ်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပနိုင်ရေး ဆွေးနွေးပွဲကျင်းပ
Oct 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Oct 03,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း ၄၅၀ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်က နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။