မိုင်းတုံမြို့ Community Centre ခန်းမ၌ ‌အသိပညာပေးဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

မိုင်းတုံ အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre )ခန်းမ၌ အသိပညာပေဟောပြောပွဲနှင့် ပြိုင်ပွဲများကိုယမန်နေ့  ည‌နေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က "လူငယ်တို့၏စိတ်ဓာတ်ခွန်အား" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီးနောက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူကလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် သူများအား အမှတ်တရလက်ဆောင်များနှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူ ကလေးငယ်များ ပေါင်းသင်းဆက်ဆံရာတွင်ချိုချိုသာသာ‌ ပြောတက်သည့်အလေ့ အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများကို အကျိုးရှိစွာအသုံးချတတ်စေရန်၊အများအကျိုး ကိုဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများတိုးပွားလာ‌စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)