မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာ၌ ဆင်းဧကရီ(၃)မိုးစပါးစံကွက်ရိတ်သိမ်း

မိုင်းဖြတ် အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးစပါးပန်းတိုင်ဧရိယာအတွင်း စိုက်ပျိုးထားသည့် ဝမ်ပုံကျေးရွာရှိ တောင်သူ ဦးအိုက်နွန်း၏ မိုးစပါးစိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို အောက်တိုဘာလ  ၃ရက်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

 ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင် နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအီလျံ နှင့် တာဝန်ရှိသူများ ၊တောင်သူများပူးပေါင်း၍ ဦးအိုက်နွန်း ၏ ဆင်းဧကရီ-၃ မိုးစပါးစိုက်ခင်း (၂.၀၀)ဧကကို ရိတ်သိမ်းခဲ့ရာ တစ်ဧကအစိုအထွက်နှုန်း(၁၃၄.၁၀)တင်း ထွက်ရှိကြောင်းသိရသည်။

မိုင်းဖြတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မိုးစပါးပန်းတိုင်းအထွက်နှုန်းကောင်း မွန်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများမျှဝေပေးခြင်း၊ တောင်သူပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းနှင့် ဓာတ်မြေဩဇာများ (အခမဲ့) ထောက်ပံ့ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပြီး ယနေ့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကပန်းတိုင်အထွက်နှုန်း တင်း(၁၀၀) ဖြစ်သော်လည်း တစ်ဧက အစိုအထွက်နှုန်းမှာ (၁၃၄.၁၀)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင် ထံက သိရသည်။

 သန်းထွန်းအေး(ပြန်/ဆက်)