ကျိုင်းတုံ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ အောက်တိုဘာလ (၂)ရက် မွန်းလွဲ(၁)နာရီက ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်အုပ်စုရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသူဝင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်-၂) ဦးသိန်းတန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကျော်သူ နှင့် ဝန်ထမ်းများက ကတ်ထိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား “ပန်းခင်း”စီမံချက်အဆင့်(၂)ဖြင့် အသက် (၁၀)နှစ်ပြည့် ကျား(၄၅)ဦး၊ မ(၃၀)ဦး စုစုပေါင်း (၇၅)တို့ကို မှတ်ပုံတင်ကတ်ပြားထုတ်ပေးခြင်း (နိုင်၃-က)၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ကျား(၃၂)ဦး၊ မ(၁၄)ဦး ပေါင်း(၄၆)ဦးတို့ကို မှတ်ပုံတင်ကတ်ပြား လဲလှယ်ခြင်း (နိုင်၆-က)များ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများ ကိုင်ဆောင်နိုင်ရန် ၂၀၂၂ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)