သတင်းများ

ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Oct 03,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး၌ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား ပူးပေါင်းစိစစ်ခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 03,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့်ပြုပြီးသော ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ သတ်မှတ်ချက်များနှင့်အညီ စည်းရုံးရရှိထားသည့် ပါတီဝင်အင်အားများကို ပူးပေါင်းစစ်ဆေးရမည့် ဌာနဆိုင်ရာများ၊ အစစ်ဆေးခံရမည့် နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ (၃) ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
စလင်းမြို့နယ် စည်ပင်သာယာစျေးကြီးအတွင်း ပလတ်စတစ်မသုံးစွဲရေးနေ့ သတ်မှတ်ထားရှိမှုအား စျေးရောင်းချသူများနှင့် စျေးဝယ်သူများ လိုက်နာမှုရှိ/မရှိ အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Oct 03,2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် စျေးသည်/ စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ဦးဆောင်၍ ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ  မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကြည်လင်နှင့် တပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်မြို့ မြို့မဈေးအတွင်း ပလတ်စတစ် သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များအခမဲ့ဖြန့်ဝေ
Oct 03,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်း သုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့်အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အင်ဖက်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Oct 03,2023
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။
သထုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး‌ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်
Oct 03,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ညောင်ဝိုင်းအခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
မိုင်းယောင်းမြို့နယ်၌ အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ အသင်းအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီမှတ်ပုံတင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Oct 03,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က တောင်ဘက်ကျေးရွာ၊ အခြေခံပညာမူလတန်း (လွန်) ကျောင်း တောင်ဘက်(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။