သတင်းများ

ဒက္ခိဏသီရိမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Oct 03,2023
ပြည်ထောင်စုနယ်မြေ၊  လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဆည်စုကျေးရွာ SMU ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပသည်။
ကာလိမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Oct 03,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကာလိမြို့၌ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင် ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတ များကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ) (ကျိုင်း လွန်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များ သင်ယူလေ့ကျင့်နိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Oct 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.ထ.က(မိုင်းဆတ်)မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းခရိုင်၌ ခရိုင်အဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) ကျင်းပ
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးပြုလုပ်သည့် ခရိုင်အဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃)ကို သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်
Oct 03,2023
ကလေးငယ်များစာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းသား ကျောင်းသူများ စာအုပ်စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရုံးဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ 
Oct 03,2023
ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 
သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး  ထိုးနှံ
Oct 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် မြို့ပေါ် (၈)ရပ်ကွက်မှ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် ကျန်ရှိနေသည့် ကလေးငယ်များအား ယနေ့ နံနက် (၉)နာရီတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်သည်။
ဒိုက်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(လက်ပံသုံးခွ)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Oct 03,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံ‌စေရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း(လက်ပံသုံးခွ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။