သတင်းများ

ကော့သောင်းမြို့တွင် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်
Jul 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  သဘာဝဘေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့နယ် အောင်သုခရပ်ကွက်၊ မေတ္တာစိုး ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အ.လ.က(ခွဲ)ဘုရင့်နောင်ကျောင်း၌လည်းကောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အလုံမြို့နယ် အမှတ်(၄) မူကြိုကျောင်း၌ ကလေးမိခင်များအား  ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Jul 26,2023
မိဘများအနေဖြင့် ကျန်းမာရေးအသိပညာဖြင့် ပြည့်စုံပြီး မိမိတို့၏ရင်သွေးများ၏ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ ယမန်နေ့နံနက် ၁၀း၃၀  နာရီက အလုံမြို့နယ်ပြည်သူ့ ကျန်းမာ ရေးဝန်ထမ်းများသည်  အမှတ်(၄)မူကြိုကျောင်းသို့ ကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
Jul 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပခဲ့ပါသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံပေးအပ်
Jul 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်ဖြစ်သည့် (ဧပြီ၊မေ၊ဇွန်) ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ ယနေ့နေ့လယ် ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ
Jul 26,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာ မူလတန်းကျောင်း(၁)၌ ကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့နယ်Community Centreခန်းမတွင် ရုံးပေါင်းစုံ-၂ သမဝါယမအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 26,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် ရုံးပေါင်းစုံ-၂ သမဝါယမအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ၂၀၂၃  ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ယနေ့ နံနက်(၇)နာရီခွဲက  ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရုရှားပညာရှင်(၃)ဦး သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ ဥစားမွေးမြူရေးကြက်ခြံသို့ ကြည့်ရှုလေ့လာ
Jul 26,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရှရှားနိုင်ငံ Roscongress Foundatino “Fund RC- Investment တို့ ပူးပေါင်းပြီး သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး ရုရှားပညာရှင်(၃)ဦးသည် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလှိုင်(၂၅)ရက် နေ့လယ်(၁၂)နာရီက ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ မန္တလေးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ပိုင်ဆိုင်သည့် ဥစားကြက်မွေးမြူရေးခြံသို့ ကြည်ရှုလေ့လာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စော၊ ကျောက်ဆည်ခရိုင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦစီးမှူးဦးဝင်းမြင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်မင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကကြိုဆိုခဲ့ပြီး ရုရှားပညာရှင်များသိရှိလိုသည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။