မံစီ အောက်တိုဘာ ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မန်စီ) ၏ ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို အထက(မန်စီ) ဖုန်ကန်ဒူဝါခန်းမ၌ အောက်တိုဘာ ၃ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Grade-8 မှ ကျောင်းသား/ သူများက “ဘက်စုံပညာတို့လှမ်းချီ’’ သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးလဆန်က လူရည်ချွန်ကျောင်းသား/သူများ ထွက်ပေါ်လာအောင် ကျောင်းသူ/သား၊ မိဘများ၊ဆရာဆရာမများ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းနှင့် ကျောင်းအကျိုးတော်ဆောင်နာယက ဦးတင်အောင်က ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွက် အမှုဆောင်သစ်များ ရွေးချယ်အတည်ပြုတင်မြောက်ပြီး ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးမိုးဟိန်းက လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်နှင်းဝေက ကျောင်း၏ဆောင်ရွက်ရမည့် လုပ်ငန်းအချက်အလက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်သွင်းခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရရှိသူ ကျောင်းသား / သူ(၈၆)ဦးတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး Grade-6 ကျောင်းသား/ သူလေးများက “ ကဗျာလွတ်အက ’’ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)