ကျွန်းလှမြို့နယ်၌ မိုးသီးနှံ ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ‌စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီနှစ် မိုးသီးရာသီမှာ ပဲစင်းငုံကို အစေ့ထုတ်ပြောင်းနဲ့ရောပြီး နှစ်ဧကစိုက်ပျိုးထားပါတယ်။ ပဲစင်းငုံသီးနှံကို တစ်ချို့တောင်သူတွေက သီးသန့်စိုက်ပျိုးကြပြီး သီးညှပ်လည်းစိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရွာသွန်းမှုမှန်တော့ အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု ရှမ်စုကျေးရွာ ပဲစင်းငုံစိုက်တောင်သူတစ်ဦးက ပြောပြသည်။

အဆိုပါ ပဲစင်းငုံစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် ၁၆၉၁၂ ဧကလျာထားပြီး ပဲတီစိမ်း ၅၄၁၀ ဧက၊ ပဲစင်းငုံ ၁၁၅၃၂ ဧက၊ စုစုပေါင်း ၁၆၉၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ