စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် Training 0f Trainers (TOT) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၄

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အထက်မြန်မာပြည် ပညာရေးဒီဂရီကောလိပ် (၁၃) ကျောင်း၌ ဖွင့်လှစ်မည့် ပညာရေးဘွဲ့ (B. ED) စာပေးစာယူသင်တန်း ပထမနှစ် (၄/ ၂၃) နှင့် ဒုတိယနှစ် (၂/ ၂၂) တွင် သင်ကြားပို့ချမည့် ဆရာ/ ဆရာမများအတွက် Training 0f Trainers (TOT) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာ (၄) ရက်၊ နံနက် (၉) နာရီက အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ (၂) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်က ဆရာ/ ဆရာမတွေ ရှိသင့်၊ ရှိထိုက်တဲ့ ကျွမ်းကျင်မှုတွေရှိလာဖို့၊ တက္ကသိုလ်ဆရာ/ ဆရာမတွေရဲ့ အရည်အသွေးပိုကောင်းအောင် ဆရာ/ ဆရာမတွေနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ ဆရာအတက်ပညာတွေပဲဖြစ်ကြောင်း၊ ဆရာအတက်ပညာရဲ့ အခြေခံအချက်တွေဖြစ်တဲ့ ဆရာ/ ဆရာမတွေ စာသင်ခန်းတွေထဲ သင်ကြားပြသပေးတဲ့နေရာမှာ အခြေခံအချက်တွေသိရှိအောင် သင်ကြားပြသပေးသွားမှာဖြစ်ကြောင်း၊ ပညာရေးတက္ကသိုလ်နဲ့ ပညာရေးဒီဂရီကောလိပ်များဟာ အမြဲတမ်းပေါင်းကူးနေတဲ့ တံတားဖြစ်တာကြောင့် ဆရာတွေရဲအသိပညာ၊ အတက်ပညာတွေ စိတ်ဓာတ်ပြည့်ဝမှုတွေကို ဖြည့်စွမ်းဖို့အတွက် အစီအစဉ်များနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို အောက်တိုဘာ (၄) ရက်နေ့မှ အောက်တိုဘာ (၉) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ဆရာ/ ဆရာမ (၁၀၀၀) ကျော် တက်ရောက် သင်ကြားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)