ဖောင်းပြင်မြို့၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ

ဖောင်းပြင် အောက်တိုဘာ ၄

အိတ်ချ်ပီဗီ (HPV) ဗိုင်းရပ်ပိုးကြောင့် အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ရန်အတွက် ကာကွယ်ဆေးကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထိုးနှံပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက အခြေခံပညာကျောင်းများ၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်အတွင်း မွေးဖွားသူကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သားအိမ် ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသူ (၇၆) ဦး၊ အမှတ် (၈၇) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသူ (၁၀၈) ဦးနှင့် အင်ကြင်းမြိုင်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသူ (၁၁၆) ဦး၊ စုစုပေါင်း (၃၀၀) ဦးကို ထိုးနှံပေးကြောင်း သိရသည်။

HPV ဗိုင်းရပ်ပိုးကြောင့် အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါအား မဖြစ်ပေါ်စေရန် ငယ်ရွယ်စဉ်ထိုးနှံပေးခြင်းဖြင့် ထိရောက်စွာကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းနေသူမိန်းကလေးများအား ကျောင်းများ၌လည်းကောင်း၊ ကျောင်းမနေသူမိန်းကလေးငယ်များအား သက်ဆိုင်ရာ ဆေးထိုးစုရပ်များ၌လည်းကောင်း ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူထံမှ သိရသည်။

ကိုထွန်း (ဖောင်းပြင်)