၂၀၂၃ ခုနှစ်၊ လွိုင်ကော်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 04,2023
ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်၊ ဒေါဆော်ဘီးကျေးရွာသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်းအား တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။