နမ္မတူမြို့နယ် မိုးကုတ်ကျောင်းတိုက်ရှိ ပြည်လုံးချမ်းသာစေတီတောမြတ်ကြီး၏ အကြိမ်(၂၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပြပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နမ္မတူ  အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပန်ဟိုက် (၁၀) ရပ်ကွက်ရှိ မိုးကုတ်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး၏ အကြိမ်(၂၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ၁ရက်နေ့ မွန်းလွဲ (၁)နာရီခွဲ အချိန်က အဆိုပါ ကျောင်းတိုက်အတွင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲအား ဆရာတော်အရှင်သူမြတ်များက ဦးဆောင်၍ နမောသဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းက ဆရာတော်အရှင်သူမြတ်များအား ဩကာသ ကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှိခိုးကန်တော့ခဲ့သည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်များက ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်ရေးအတွက် ဩဝါဒစကားမိန့်ကြားခဲ့ပြီး တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းမှ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အကြိုတရားပွဲ ဖြစ်မြောက်ရေး အကြံပြုဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းမှ ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်ရေးအတွက် အလှူငွေဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)