သတင်းများ

ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၁၄၇၀ စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး
Oct 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယမန်နေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တောင်တွင်းကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားသည့် နေရာများအား ကွင်းဆင်းကြည့်ရှု
Oct 04,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများစီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့်  ရေတိုက်စားခဲ့သည့် နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဒေးဒရဲမြို့၌ ဌာနဆိုင်ရာများ အပတ်စဥ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးနှင့် မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အပတ်စဥ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ
Oct 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးနေသည်။
ကန့်ဘလူမြို့၌ မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Oct 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ် စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ‌မှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ  ဗဟုသုတရရှိစေရန် ရည်ရွယ်၍  စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉နာရီ ၃၀ မိနစ်အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ၊မြို့သစ်မြို့နယ် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် မြေဩဇာကြဲပတ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ စပါးစိုက်တောင်သူများနှင့်တွေ့ဆုံ
Oct 04,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာ၊ ကွင်အမှတ်-၁၄၉၄၊ ဦးပိုင်အမှတ်-အမှတ်၂၀၈၊ တောင်သူ-ဦးသန်းထွန်းအောင်၏ (ဧရာမင်း)(F1)မျိုးစေ့ထုတ်စံပြကွက်သို့ ယမန်နေ့ နံနက်(၈)နာရီအချိန်က ရောက်ရှိကာ မြေဩဇာကြဲပတ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ မိုးရာသီ “မော်လိုက်ဖလား” အလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Oct 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မိုးရာသီ “မော်လိုက်ဖလား” အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၆)နာရီအချိန်က ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။