ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၁၄၇၀ စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး

ဇေယျာသီရိ အောက်တိုဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယမန်နေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။

အဆိုပါရောင်းချမှုတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ ဦးကိုလေးနှင့် ဒေါ်ခင်နွယ်အေး ဆီလုပ်ငန်းရှင်များက ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီများ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့တွင် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုမှ ခေါမကျေးရွာ၊ စည်ပင်သာယာကျေးရွာ၊ ကံဦးကျေးရွာနှင့် မွန်းတည့်ခွင်ကျေးရွာများရှိ ပြည်သူများအား စားသုံးဆီတစ်ပိဿာ ၄၇၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၁၄၇၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)