သတင်းများ

သထုံမြို့နယ်တွင် ကလေးအလုပ်သမားပ‌ပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်
Jul 25,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၀)နာရီက ​ တမာတကောကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်၏ ဝိဇာတ မွေးနေ့မင်္ဂလာကျင်းပ
Jul 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာ သနာပြု(ဗဟို)ကျောင်း၏ ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယ မဟာထေရ်၏ သက်တော် ၈၄ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။
သာယာဝတီမြို့တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 25,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၄) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ချောင်းသုံးခွကျေးရွာအုပ်စု၊ လိပ်ဥကုန်းကျေးရွာ၊ လိပ်ဥကုန်းကွင်းအတွင်း တောင်သူ ဦးထွန်းအောင်ကျော်၏ လယ်မြေ ၆ ဧကတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံတာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဇူလိုင်လ ၂၁ ရက် နေ့မှ စတင်၍ နံနက် ၈ နာရီတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မင်းဘူး-အမ်းကာလမ်းမဘေးရှိ ရွှေနတ် တောင်ကျောင်းတိုက်ဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 25,2023
မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club)တို့ ပူးပေါင်း၍မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်တွင် အဆင့်မြင့်နည်းပညာသုံးဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS)မိုးစပါး စတင်စိုက်ပျိုး
Jul 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍