သတင်းများ

လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိူးပွဲကျင်းပ
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲကို လေးမျက်နှာမြို့နယ်အားကစားကွင်း၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီး/သီလရှင် ပညာရေးကျောင်းနှင့် ပရဟိတကျောင်းများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများထောက်ပံ့လှူဒါန်းပွဲတက်ရောက်
Jul 25,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့၊နောင်ခိုရပ်ကွက်ရှိ တံခွန်တိုင်သီလရှင်စာသင်တိုက်၌ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည့် ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီး/သီလရှင်သင် ပညာရေးကျောင်းနှင့် ပရဟိတကျောင်းများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၇/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်
Jul 25,2023
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျုတာသင်တန်းအမှတ်စဥ် (၂/ ၂၀၂၃) ဖွင့်လှစ်
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အခြေခံကွန်ပျုတာသင်တန်းအမှတ်စဥ် (၂/ ၂၀၂၃) ကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အအုံရှိ လေ့ကျင့်ရေးခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည်။
ဝိုင်းမော်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းဆပ်မကော်တီမှ ပိုက်ပြင်ပိုက်ဆက်သင်တန်းဖွင့်လှစ်
Jul 25,2023
ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းဆပ်ကော်မတီမှကြီးမူး၍ ပိုက်ပြင် ပိုက်ဆက်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ဂါလိလဲအိုင် ကျေးရွာရှိ “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေး လူမှုအသင်း သင်တန်းကျောင်းရှိ ခန်းမတွင် ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များအား ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်
Jul 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်များအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဘေးသင့်မြို့နယ်များသို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သင်္ဘောများဖြင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိ
Jul 25,2023
ရခိုင်ပြည်နယ်အတွင်း  ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်သင့် မြို့နယ်များသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်၊ ရခိုင်ဌာနခွဲမှ သင်္ဘောများဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများကို မေလ ၂၃ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့ထိ တန်ချိန် (၅၁၁၉ ဒသမ ၀၉)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များအား စာဖတ်သူလက်ဝယ်အရောက် ငှားရမ်းပေး
Jul 25,2023
ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံ ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် (၅၀) ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။