အ.ထ.က တရနာကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုက်မရော စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်  ၁၀ နာရီက ကျိုက်မရောမြို့ တရနာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ် ခဲ့သည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ဟော​ပြောပွဲပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုဝင်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးအောင်ညီညီခန့်က သတိပြုရမည့်ဆိုးဆေးများအန္တရာယ်နှင့် စားသုံးရန်မသင့်သော  အစားအစာများနှင့် အချိုရည်များအကြောင်း ပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများက Fitiness Dance အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့  ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို  ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)