အယ်လ်နီညိုဖြစ်ပေါ်သက်ရောက်မှုနှင့် မွေးမြူ‌ရေးကဏ္ဍမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်အချက်များ အသိပညာပေး ဟောပြော

တောင်ကြီး စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုဖြစ်ပေါ်သက်ရောက်မှုနှင့် မွေးမြူ‌ရေးကဏ္ဍမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် အချက်များ အသိပညာပေး‌ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲခြင်းကို ယနေ့နံနက် ၉ နာရီက ကွန်လုံကျေးရွာအုပ်စု၊ ဂေါရခါးဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယဦးစီးမှူး ဒေါက်တာ အောင်မင်းထွန်းက အယ်လ်နီညိုဖြစ်ပေါ်သက်ရောက်မှုနှင့် မွေးမြူ‌ရေးကဏ္ဍမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောပြီး ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်အခမဲ့ဖြန့်ဖြူးသည့် မွန်ဘားဆားတိရစ္ဆာန်အစာပင်မြက်မျိုးများကို မွေးမြူသူတောင်သူများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)