Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မအီမြို့တွင် ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 25,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် တောင်သူများသို့ ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၌ ကျဉ်းမြောင်းနေသည့် လမ်ပိုင်းအား ကတ္တရာတိုးချဲ့ခင်းပေး
Jul 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူ တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက် စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းအားကတ္တရာတိုးချဲ့ခင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် မြို့နယ်စည်ပင်သာယာဈေးတွင် ပူးပေါင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ဈေးကွက်အတွင်း၌ သက်ဆိုင်ရာဌာနမှ ထောက်ခံချက်မပါရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွ်အတွင်း သက်ဆိုင်ရာဌာနမှ ထောက်ခံချက်မပါရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများအား ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဇူလိုင်လ (၂၄) ရက်နေ့ နေ့လယ် (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့တွင် ဦးနှောက်အမြှေးပါးရောင်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 25,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဦးနှောက်အမြှေးပါး ရောင်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ဝန်ထမ်းများသည် ယနေ့ညနေပိုင်းက အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဘင်ခရာလေ့ကျင့်သင်ကြား
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အခမ်းအနားများတွင် အသုံးပြုနိုင်ရန် ကျောင်းသားလူငယ်ဘင်ခရာသင်တန်းကို ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ် နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများ တက်ရောက်
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ကြီးအဘိုးအဘွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9217
Page
9218
Page
9219
Page
9220
Current page
9221
Page
9222
Page
9223
Page
9224
Page
9225
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department