သတင်းများ

ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိ
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစု အပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
မုံးကိုးမြို့၌နယ်စပ်ဂိတ်များ သန့်ရှင်းသာယာလှပစေရန် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင်နယ်စပ်ဂိတ် သန့်ရှင်းသာယာလှပရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးနှင့် လိုအပ်သည်များကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြပါသည်။
ပိုင်ကျုံမြို့၌ ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်
Jul 25,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများတို့မှ မိုးရာသီကာလများတွင် သဘာဝဘေးဒဏ်များကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ခြင်း၊ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းနှင့် ဓာတ်တိုင်အသစ် လဲလှယ်ခြင်းလုပ်ငန်းများကို အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
ပြင်ဦးလွင်မြို့တွင် Green Challenge Association ၏ ၂၀၂၃ ခုနှစ် မိုးရာသီ အဋ္ဌမအကြိမ်မြောက် အပင်စိုက်ပျိုးခြင်း ဆောင်ရွက်
Jul 25,2023
၂၀၂၃ ခုနှစ် မိုးရာသီတွင် ပြင်ဦးလွင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ၌ သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပူပြင်းလာမှုလျှော့ချရေးနှင့် မြေအောက်ရေခမ်းခြောက်မှုမှ ကာကွယ်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် Green Challenge Association ၏ ၂၀၂၃ ခုနှစ် မိုးရာသီ အဋ္ဌမ အကြိမ်မြောက် အပင်စိုက်ပျိုးခြင်း အစီအစဉ်ကို ဇူလိုင်လ ၂၃ ရက်နေ့က ပြင်ဦးလွင်မြို့၊ ဆင်ဖြူအင်းကျေးရွာ၊ သာစည်တောင်တော်၊ ဆင်ဖြူရှင်ဘုရားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ သမိုင်းအထင်ကရဘုရားများတွင် ပုဂံဒေသထွက်လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ
Jul 25,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ သဗ္ဗညုဘုရားကြီးနှင့် အလိုတော်ပြည့်ဘုရား ဈေးတန်းတို့တွင် ပုဂံဒေသထွက် လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချလျက်ရှိသော စီး ပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဂေါပကဥက္ကဋ္ဌ ရုံခန်းတို့တွင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်းဘေးသင့် နေအိမ်ပြို မိသားစုအား ကယ်ဆယ်ရေးပစ္စည်းများနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရသည့်မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ ညနေ ၃ နာရီအချိန်က ကယ်ဆယ်ရေးပစ္စည်းများနှင့်အိမ်ဆောက်ပစ္စည်းဖိုး အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
မြစ်ဆုံ ခရီးစဉ်ဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုဖြစ်လာစေရေး ဌာနဆိုင်ရာများ၏ ကွင်းဆင်းတွေ့ရှိချက်များ၊ အကြုံပြုချက်များနှင့် သဘောမှတ်ချက်များအပေါ် လုပ်ငန်းညှိနှိုင်းစည်းဝေး
Jul 25,2023
ဧရာဝတီမြစ်အဖြစ် စတင်မြစ်ဖျားခံစီးဆင်းရာ၊ မေခနှင့် မလိမြစ်ပေါင်းဆုံရာ ဒေသဖြစ်သည့် မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုများအပေါ် တွေ့ရှိချက်များ၊ အကြုံပြုချက်များနှင့် သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။