သတင်းများ

မြောင်းမြခရိုင် အကျဥ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဥ်းသား/သူ(၁၉၄)ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေး
Aug 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြ အကျဉ်းထောင်တွင် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားများအနက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၅၁/၂၀၂၃) ဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် စေလွှတ်သည့် အကျဥ်းသား(၁၅၃)ဦး၊ အကျဥ်းသူ (၄၁)ဦး၊ စုစု‌ပေါင်း (၁၉၄)ဦးအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က မြောင်းမြအကျဥ်းထောင်မှ လွတ်ပေးခဲ့သည်။
မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 02,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံ‌၊ တိုက်ကျွေး
Aug 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်များ ထိုးနှံတိုက် ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းရေကျော်
Aug 02,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ညပိုင်းတွင် ရန်ကုန်-မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ်(၁၀၆/၂)(၁၀၆/၃)အကြား မြို့နယ်တရားရုံးရှေ့ ကားလမ်းမကြီးပေါ်တွင် ရေ(၆)လက်မခန့်နှင့် အလျား (၃၀၀)ပေခန့် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။
ပေါင်မြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Aug 02,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှအသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Aug 02,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင် ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဓမ္မာစကြာအခါတော်နေ့၌ ဗန်းမော်အကျဥ်းထောင်မှ ပြစ်ဒဏ်ကျ အကျဥ်းသား (၃၀)ဦးနှင့် အကျဥ်းသူ (၁)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
Aug 02,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ဓမ္မစကြာအခါတော်နေ့၌ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အကျဥ်းထောင်မှ ပြစ်ဒဏ်ကျ အကျဥ်းသား (၃၀)ဦးနှင့် အကျဥ်းသူ (၁)ဦး လွတ်မြောက်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် (၁၃)လုံးပျက်စီး
Aug 02,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာရှိ အ.မ.က(မူလွန်) စာသင်ကျောင်းနှင့် ကလော့သော့ကျေးရွာရှိ လူနေအိမ်(၁၃)လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။