စလင်းရေလှောင်တမံ ရေပိုလွှဲမှ ၂.၅ ပေခန့် ရေကျော်နေသော်လည်း စိုးရိမ်စရာအခြေအနေမရှိ
Oct 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ စလင်းရေလှောင်တမံတွင် အောက်တိုဘာ(၁)ရက်နေ့ နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ် (၇၆၀)ပေတွင် ပင်မရေပိုလွှဲမှ ၂.၅ ပေ ရေကျော်ကျလျက်ရှိသော်လည်း ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာအခြေအနေမရှိကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။