တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)သင်တန်း ဖွင့်လှစ်
Jul 25,2023
ရုရှားခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့်အခါ ဟိုတယ်များအပိုင်းအနေဖြင့် ပိုမိုကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးကို ရည်ရွယ်၍ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် နယ်မြေကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ Royal Taunggyi Hotel ၌ ကျင်းပသည်။