ကော့မှူး အောက်တိုဘာ ၁
အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍများအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်က အယ်လ်နီညိုကျရောက်မှုကြောင့် မွေးမြူရေးလုပ်ငန်းသက်ရောက်မှုအဖြစ် တိရစ္ဆာန်အစာ ရှားပါးလာခြင်း၊ မျိုးပွားထုတ်လုပ်မှု ကျဆင်းလာနိုင်ခြင်းနှင့် အစာမှ အသားပြောင်းနှုန်း ညံ့ဖျင်းလာခြင်း၊ ကူးစက်ရောဂါများ အဆိပ်အတောက်ဖြစ်မှုများ မကြာခဏဖြစ်ပွားခြင်း၊ အသက်ဆုံးရှုံးမှုများ ကြုံရခြင်းများအတွက် မွေးမြူသူများဆုံးရှုံးမှုနည်းအောင် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဝါးဘလောက်သောက်ကျေးရွာမှ မွေးမြူရေးသမား(၃၀)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြကြောင်းသိရသည်။
သူရ(ပြန်/ဆက်)