မိုင်းယောင်းမြို့နယ်၌ ကြောင်မျက်လုံးသီးများ ရောင်းအားကောင်း၍ မိသားစုအပိုဝင်ငွေရရှိ

မိုင်းယောင်း အောက်တိုဘာ ၁

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကြောင်မျက်လုံးသီး (နှင်းသီး)များ လှိုင်လှိုင်ထွက်ရှိကာ ရောင်းအား ကောင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကြောင်မျက်လုံးသီးပင်ကို မိမိတို့၏နေအိမ်ခြံဝင်း၊ တောင်ယာနှင့် ဥယျာဉ် ခြံမြေများတွင် အဓိကစိုက်ပျိုးကြပြီး မုန်းလိုက်အုပ်စု၊ ဝမ်ကောင်းအုပ်စု၊ ဝမ်မန်းအုပ်စုနှင့် ဝမ်တပ် ကျေးရွာအုပ်စုတို့တွင် အနံ့အရသာထူးခြားကောင်းမွန်သည့် ဒေသမျိုးများကို အများဆုံး စိုက်ပျိုး ကြသည်။ ယခင်နှစ်က ကြောင်မျက်လုံးသီးနှစ်စီးလျှင် ငွေကျပ် ၅၀၀ ရောင်းချရကြောင်း၊ ယခုနှစ် တွင် တစ်စီးလျှင် ငွေကျပ် ၅၀၀ ရောင်းရကြောင်း၊ ယခုအခါ အသီးလှိုင်လှိုင်ထွက်ချိန် လူငယ်များ အထူးကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြသဖြင့် ရောင်းအားကောင်းနေခြင်းကြောင့် မိသားစုဝင် ငွေရရှိကာ ကြောင်မျက်လုံးသီး စိုက်ပျိုးရောင်းချသူများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း