သတင်းများ

ကြံခင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က (အ.ထ.က-၁) ကျောင်း၊ အောင်ကျော်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ သည်။
ကျောက်တန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကျင်းပ
Oct 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျောက်တန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)၊ ရွှေသံလွင်ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ ဧည့်စာရင်းတိုင်ကြားခြင်း ရှိ၊ မရှိ အိမ်တိုင်ရာရောက် စစ်ဆေး
Oct 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့အတွင်း ညဉ့်အိပ်ညဉ့်နေလာရောက်သူများရှိပါက ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊မရှိကို တာဝန်ရှိသူများက အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းအချိန်က အိမ်တိုင်ရာရောက် စစ်ဆေးခဲ့ကြသည်။
ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ သဘာဝဘေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Oct 06,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းခန်းမ၌ သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ဆောင်ရွက်‌ကြောင်း သိရသည်။
မုံရွာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ အသက် (၂) လမှ (၁နှစ်ခွဲ) ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ကုတင်(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံ (အိုးဘိုတောင်ဆေးရုံ)တွင် အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း   မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် အာစရိယပူဇော်ပွဲ ကျင်းပ
Oct 06,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် အာစရိယပူဇော်ပွဲကျင်းပခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ် အ.ထ.က - ဓမ္မသော်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကျောင်းတွင်း ရသပညာပြိုင်ပွဲများ ကျင်းပ
Oct 06,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မသော်၌ ‌ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်းရသပညာ (တေးကဗျာနှင့်ပုံပြော) ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ကျင်းပခဲ့သည်။