ကျောက်တန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကျင်းပ

ကျောက်တန်း အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျောက်တန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)၊ ရွှေသံလွင်ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသ​​ရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများ​နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ ဖတ်ကြားပြီး၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဆရာမကြီး ဒေါ်တင်တင်ဝေမှ ဆက်လက်ဖတ်ကြားခဲ့သည်။

ထို့နောက် အသက် (၇၅)နှစ်နှင့်အထက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီး (၈၅)ဦးအား ကန်တော့လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး  ဆရာကြီးဆရာမကြီးများမှ ကျေးဇူးတင်ဆုံးမစကားများ ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်ဆက်)