သရက် အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် အာစရိယပူဇော်ပွဲကျင်းပခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းဆွေက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီးနောက် ကန်တော့ခံဆရာကြီး/ဆရာမကြီးများအား အလှူငွေများ လှူဒါန်းပေးခဲ့ကာ ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခံဆရာကြီး/ဆရာမကြီးများအား ကန်တော့ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာ/ဆရာမများအား ကန်တော့ခံဆရာကြီး ဦးလှရှိန်နှင့် ကန်တော့ခံဆရာမကြီး ဒေါ်တင်တင်ဝင်းတို့က ဆုပေးဩဝါဒစကားမြွက်ကြားပေးခဲ့ပြီး နိုင်ငံတကာစာတက်မြောက်ရေးနေ့ ပြိုင်ပွဲတွင် တိုင်းအဆင့် ဆုရရှိခဲ့သည့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်ချီ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)