သတင်းများ

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ချင်းပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) အစည်း အဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တက်ရောက်
Oct 05,2023
နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ချင်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းမတီ၏ (၁/၂၀၂၃) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဒေသ ဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ဆပ်ကော်မတီတွင် ပါဝင်သည့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ပေါင်မြို့နယ် (အ.မ.က) ဂွေးပင်ချောင်ကျောင်း၌ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲပြုလုပ်
Oct 05,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.မ.က) ဂွေးပင်ချောင်ကျောင်း၌ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ပြုလုပ်ခဲ့သည်။ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်သိန်းက ယခုလို ပညာရည်ချွန်ဆုချီးမြှင့်ခြင်းဖြင့် ကျောင်းသားလူငယ်များ ကျောင်းစာကို ပိုမိုကြိုးစားကြစေရန်နှင့် လူတော်လူကောင်းများဖြစ်စေရန် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါကြောင်း အမှာစကားပြောကြားသည်။
ဘီးလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်
Oct 05,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်‌ရေးကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့(လိပ်ခုံးတောင်) အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
ကြံခင်းမြို့နယ် (အ.ထ.က)ဘက်ရဲကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း အသိပညာပေး ဟောပြောပွဲပြုလုပ်
Oct 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.ထ.က)ဘက်ရဲကျောင်းတွင် မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လည်ပိုင်းက (အ.ထ.က)ဘက်ရဲကျောင်း၊ တေဇခန်းမတွင် ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မွေးမြူရေးဘာသာရပ်လက်တွေ့သင်ကြားပြသပေး
Oct 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာ၌ဖွင့်လှစ်ထားရှိသော စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်း(ညောင်ခြေထောက်)တွင် ပညာသင်ကြားနေသောကျောင်းသား၊ ကျောင်းသူများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများက မွေးမြူရေးဘာသာရပ်ဆိုင်ရာလက်‌တွေ့ပညာသင်ကြားပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းဘဲတန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Oct 05,2023
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို  အကျိုးရှိထိရောက်စွာအသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁ဝ)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊  ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမြတ်ဆရာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။