မဟာအောင်မြေ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းအမှတ်(၁၃) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးကဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော သဝဏ်လွှာအား မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးလွမ်းဇေက ဖတ်ကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက "မြတ်ဆရာ" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသက်(၇၅)နှစ်နှင့်အထက် ဆရာ၊ ဆရာမကြီးများ ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံဆရာ၊ ဆရာမကြီးများ၏ကိုယ်စား တစ်ဦးမှ ဆုံးမဩဝါဒစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း