ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပ

ညောင်ဦး  အောက်တိုဘာ ၆

ကျောင်းသားလူငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစရေန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းအားရက်များတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာငှားကတ် အခမဲ့ပြုလုပ်၍ စာအုပ်စာပေများ ငှားရမ်းနိုင်သကဲ့သို့ ကလေးစာဖတ်ခန်းနှင့်စာကြည့်တိုက်တွင်း စာပေမျိုးစုံ ဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်တို့ကို ဆက်လက်ကျင်းပရာကျောင်းသားကျောင်းသူများ ပျော်ရွှင် စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ဒီပါလင်း