ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ဆည်၊ ‌အောက်တိုဘာ ၆

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လမ်းလျှောက်သူများအနေဖြင့် လမ်းဖြတ်ကူးပါက လိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် ခရီးသွားပါ သတ်မှတ်ယာဉ်ကြောမှ မောင်းနှင်ကြရန်၊ တစ်စီးနှင့်တစ်စီး ကပ်လိုက်ပြီး မောင်းနှင်ခြင်းမပြုကြရန်၊ လုမမောင်းကြရန်၊ လမ်းမကြီးမှယာဉ်ကို ဦးစားပေးရန်၊ လမ်းကွေ့ပါက ကြိုတင်အချက်ပြရန်၊ လမ်းဆုံလမ်းကွေ့များတွင် အရှိန်လျော့မောင်းကြရန်၊ မော်တော်ဆိုင်ကယ် စီးနင်းပါက လုံခြုံစိတ်ချရသောဆိုင်ကယ်စီးဦးထုပ်များဆောင်းပြီး မေးသိုင်းကြိုတပ်ဆင်ကြရန်၊ လမ်းပြောင်းပြန် မမောင်းရန် အစရှိသဖြင့် လိုက်နာရမည့် စည်းကမ်းများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀)တွင် ပြဌာန်းထားသော ပုဒ်မ၇၅ ပါအကြောင်းအရာများနှင့် ပုဒ်မ(၇၆)၊(၇၇)၊(၈၀)၊(၈၁)၊(၈၂)၊(၈၃)၊ (၉၆)၊(၉၇)အကြောင်းများနှင့် ရဲအရေးပိုင် ပုဒ်မများဖြစ်သည့် ပုဒ်မ(၇၈)၊(၇၉)၊(၈၄)(၈၅) အကြောင်းအရာများအား ဟောပြောခဲ့သည်။ အသိပညာပေးဟောပြောမှုများအား တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ခရိုင်၊ ပြန်/ဆက်)