ညောင်ဦး ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျန်စစ်သားမင်းကြီးကအေ(၁၀၉၁)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည့် ရပ်တော်မူရုပ်ပွားတော် လေးဆူဉာဏ်တော် (၃၁)ပေကျော်ရှိ ရပ်တော်မူရုပ်ပွားတော်များကို ရွှေသင်္ကန်းအသစ်ပြန်လည် ကပ်လှူပူဇော်သွားမည်ဖြစ်ရာ မြန်ပြည်အရပ်ရပ်နှင့် ကမ္ဘာအရပ်ရပ်မှကုသိုလ်ရှင်များမည်သူမဆိုပါဝင်လှူဒါန်းနိုင်ကြောင်း အာနန္ဒာဘုရားကြီး ဂေါပကဥက္ကဋ္ဌ အဖွဲ့ရုံးတာဝန်ရှိသူများထံက သိရသည်။
ရှေးဦးစွာ အာနန္ဒာမြတ်စွာဘုရားကြီး လိုဏ်အတွင်းရှိ မတ်ရပ်ရုပ်ပွားတော်လေးဆူအား ရွှေသင်္ကန်းအသစ်တစ်ဖန်ပြန်လည်ကပ်လှူနိုင်ရန် မျက်ပါးရွှေဆိုင်းအရေအတွက် (၂၅၀၀) ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ ချိတ်ပိတ်တင်ဒါစည်းကမ်းချက်များနှင့်အညီ ဝယ်ယူဆောင်ရွက် နိုင်ရေး အာနန္ဒာမြတ်စွာဘုရားကြီးလိုဏ်အတွင်းရှိ မတ်ရပ်ဆင်းတုတော် လေးဆူရွှေသင်္ကန်း အသစ်တဖန်ပြန်လည်ကပ်လှူရန်ဝါးငြမ်းဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အာနန္ဒာ ဘုရားကြီးအနောက်ဘက်မုခ်မှဂေါတမမြတ်စွာဘုရား မတ်ရပ်ရုပ်ပွာတော်မြတ်ကြီး ဝါးငြမ်းဆင်ခြင်းရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အာနန္ဒာဘုရားကြီးလိုဏ်အတွင်းရှိ မတ်ရပ်ရုပ်ပွားတော်များဖြစ်သည့် အနောက်ဘက်မုခ်မှ ဂေါတမမြတ်စွာဘုရားမတ်ရပ်ရုပ်ပွားတော်၊ မြောက်ဘက်မုခ်ရှိ ကကုဿန် မြတ်စွာဘုရား၊ အရှေ့ဘက်မုခ်ရှိ ဂေါဏဂုံမြတ်စွားဘုရား၊ တောင်ဘက်မုခ်ရှိ ကဿပမြတ်စွားဘုရားတို့အား ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းကော်မတီများ အလိုက် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအဖွဲ့များဖြင့် အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်းသိရကာ နှစ်လက်မပတ်လည် ရွှေဆိုင်းတစ်ဆိုင်းလျှင် (၁၅၀၀၀၀)နှုန်းဖြင့် မည်သူမဆို ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်နိုင်ကြောင်း ၊လှူဒါန်းလိုပါက အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ချိတ်ဆက် လှူဒါန်းနိုင်ကြောင်း၊ KBZ Pay ဖုံးနံပါတ် 092042975 ဦးဇော်ဝင်းချို၊ အာနန္ဒာဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဖုံးသို့လည်းချိတ်ဆက်လှူဒါန်းနိုင်ကြောင်းသိရသည်။
ဒီပါလင်း