ကျောက်ဆည် မတ် ၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသနဦးစီးဌာန(ကျောက်ဆည်)တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ၂၀၂၃ခုနှစ်၌ မိရိုးဖလာတိုင်းရင်းဆေးပညာမှ သိပ္ပံနည်းကျ တိုင်းရင်းဆေးပညာကဏ္ဍသို့ ဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မီနောက်ဆုံးပေါ် နည်းပညာများဖြစ်သည့် Omics နည်းပညာအား အသုံးချ၍ ရောဂါရှာဖွေရန်နှင့် ဆေးဖက်ဝင်ဂုဏ်သတ္တိများအား တိကျမှန်ကန်စွာ ခွဲခြားစိတ်ဖြာနိုင်ရေး ယမန်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ပူးပေါင်း၍ မိုက်ခရိုနာနိုချစ်ပ်များအား တီထွင် စမ်းသပ်ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံ ဇီဝဆေးပညာ အင်ဂျင်နီရှန်ဟိုင်းကျောက်ထုံတက္ကသိုလ်တွင် “Omics analysis and therapeutic evaluation of traditional medicine based on micro-nano chips” စီမံကိန်း အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုသေတနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ)ဦးဆောင်၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် သုတေသန ပညာရှင်(၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်းအစည်းအဝေးတွင် ဇီဝနည်းပညာအင်ဂျင်နီယာကျောင်း၊ ရှန်ဟိုင်းကျောက်ထုံ တက္ကသိုလ်မှ ပါမောက္ခဒေါက်တာခွန်းချန်မှအဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပါမောက္ခဒေါက်တာ ရှောက်ဝှေ့လျှိုက Brief Introduction of Technology Centre for Chinical Omic ခေါင်းစဉ်ဖြင့် ဇီဝဆေးပညာအင်ဂျင်နီယာကျောင်း၏ သုတေသနစီမံကိန်းများအကြောင်း ရှင်းလင်းပြောကြားခဲကြောင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဇီဝနည်းပညာသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (တာဝန်ခံ) ဒေါက်တာအေးအေးခိုင်က ဇီဝနည်းပညာသုတေသနဦးစီးဌာတွင် လက်ရှိလုပ်ဆောင်နေသော သုတေသန စီမံကိန်းများအကြောင်းနှင့် ဇီဝဆေးပညာအင်ဂျင်နီယာကျောင်း၊ ရှန်ဟိုင်းကျောက်ထုံတက္ကသိုလ်နှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသနလုပ်ငန်းများအား power point presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးပွဲတွင် မိုက်ခရိုနာနိုချစ်ပ်စ်များကို အခြေခံ၍ တိုင်းရင်းဆေးဝါးများအား Omics နည်းပညာဖြင့် ခွဲခြားစိတ်ဖြာခြင်းနှင့်ရောဂါကာကွယ်ကုသနိုင်စွမ်းလေ့လာခြင်း သုတေသနစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံမှ စီမံကိန်းတာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ ခွန်းချန်နှင့် မြန်မာနိုင်ငံမှ စီမံကိန်းတာဝန်ခံ ဒေါက်တာသဲစုမျိုးတို့ ဦးဆောင်၍ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)