တံတားဦး မတ် ၇
နွေရာသီ ကျောင်းပတ်ရက်အား အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ အားကစားအခြေခံရှိသော မျိုးဆက်သစ် လူငယ်အားကစားများ ပေါ်ထွန်းလာစေရေး၊ အားကစားပြုလုပ်ခြင်းဖြင့် တံတားဦဂမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသတန်းတွင် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ (၃)နာရီက သက်ဆိုင်ရာ အားကစားကျင်းပသည့်နေရာများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရသည်။
အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းတွင် တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးဦးစီးဌာန စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လူငယ်များ အားကစားလေ့ကျင့်သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းက ဘောလုံးအားကစားလေ့ကျင့်နေသော အားကစားသမားအတွက် ဘောလုံး(၂)လုံး၊ နည်းပြများနှင့်အကူများအတွက် တီရှပ်(၅)ထည်၊ ဘောလီဘော အားကစားသမားများအတွက် ဘောလီဘော(၂)လုံး၊ နည်းပြများနှင့်အကူများအတွက် တီရှပ်(၅)ထည် တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဘောလုံးသင်တန်းကို ဆင်ကျုံးကျေးရွာတွင် အားကစားသမား အမျိုးသား(၆၀)ဦးနှင့်အမျိုးသမီး(၇၀)ဦး၊ ဘော်လီဘောသင်တန်းကို အ.ထ.က၊တံတားဦးတွင် အားကစားသမားအမျိုးသား(၁၅)ဦးနှင့် အမျိုးသမီး(၇)ဦး ရှိပါကြောင်း၊ အဆိုပါအားကစားများကို နေ့စဉ်(၃)နာရီမှ ညနေ(၅)အချိန်ထိ လေ့ကျင့်သင်ကြားပေးကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူးဒေါ်ငယ်သူထွန်းထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)