သံတောင်ကြီးဒေသတွင် ရော်ဘာရွက်ကြွေချိန် ရောက်ရှိလာ၍ ရော်ဘာအစေးလှီးခြင်းလုပ်ငန်းများ ခေတ္တရပ်နားထား

သံတောင်ကြီး မတ် ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စိုက်ပျိုးထားရှိသည့် ရော်ဘာပင်များ အရွက်ကြွေချိန် ရောက်ရှိနေသည့်အတွက် ရော်ဘာအစေးလှီးခြင်းလုပ်ငန်းများကို ခေတ္တရပ်နားထားကြောင်း ရော်ဘာစိုက်ပျိုးသောတောင်သူများထံမှ သိရသည်။

ရော်ဘာအစေးလှီးခြင်းကို ယခင်လများက ပုံမှန်လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ နွေဦးရာသီ ရော်ဘာရွက်များကြွေချိန် ဖြစ်သဖြင့် အစေးလှီးခြင်းလုပ်ငန်းကို ခေတ္တရပ်နားထားခြင်းဖြစ်ပြီး ရွက်သစ်များပြန်ဝေချိန်မှသာ လုပ်ငန်းပြန်လည်စတင်မည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ရော်ဘာဈေး ကောင်းမွန်လျက်ရှိပြီး အရည်အသွေးအပေါ်မူတည်၍ ရော်ဘာတစ်ပေါင်လျှင် ကျပ် ၁၂၀၀ မှ ၁၃၀၀ အထိ ရရှိကြောင်း ရော်ဘာစိုက်ပျိုးလုပ်ကိုင်သူ တောင်သူဦးနေစိုးထံမှ သိရှိရသည်။

နော်နော်မူ