မြောင်းမြမြို့နယ်၌ ဆောင်းသီနှံနေကြာ (၄၀၅) ဧက စိုက်ပျိုးပြီးစီး

မြောင်းမြ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ဆောင်းသီနှံနေကြာ (၄၀၅)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မြောင်းမြမြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးရာ၌ နေကြာဧက (၃၈၈) စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နေကြာ  (၄၀၅) ဧက စိုက်ပျိုးပြီးစီး ပြီဖြစ်သည်။

အဆိုပါနေကြာများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဆောင်းသီးနှံနေကြာလျာထားချက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့သည်။

မြောင်းမြမြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းစေရန်၊ အရည်အသွေး ကောင်းနေကြာများ ထွက်ရှိစေရန်၊ မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ မြေဩဇာအသုံးပြုနည်းများ၊ ပိုးသတ်ဆေးအသုံးပြုနည်းများ၊ ရေအသုံးချမှုဆိုင်ရာများ၊ နေကြာမျိုးကောင်းမျိုးသန့် ရွေးချယ်နည်းများနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)