သတင်းများ

ဒဂုံတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ ကျင်းပ
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်တွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၃)နှင့် ရှေးဦးပြုစုခြင်း(သာမန်)သင်တန်း(၁/၂၀၂၃)သင်တန်းဆင်းပွဲတို့ကို ဒဂုံတက္ကသိုလ်ရှိ အရှေ့တိုင်းပညာဌာနတွင် ဩဂုတ်လ ၈ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်ပြည်သူများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Aug 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်ရှိ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာရှင်များအား ရပ်ကွက်နှင့်ကျေးရွာရှိ ​ပြည်သူများအား မိခင်နှင့်ကလေးကျန်းမာ​ရေးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာအဖြာဖြာ၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယဉ်ကျေးလိမ္မာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် အ.ထ.က-၁ ရွေညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ (၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 10,2023
ရန်ကုန်ကိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃ခုနှစ်၊ အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ဩဂုတ်လ ၈ ရက်နေ့  နံနက် ၉ နာရီတွင် ကျင်းပသည်။
ရွာငံမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်‌မြေဩဇာများ ထောက်ပံ့
Aug 10,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၌  ၂၀၂၃-၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းကို  ဩဂုတ် (၈)ရက်၊ နံနက် (၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 10,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ(၁) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်းနှင့် သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Aug 10,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။