သတင်းများ

(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အ-ထ-က(ရွှေသောင်ယံ) ၌ ကျင်းပ
Aug 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊အ-ထ-က(ရွှေသောင်ယံ)တွင် ယမန်နေ့နံနက် (၉)နာရီ အချိန်က (၂၀၂၃-၂၀၂၄)ပညာသင်နှစ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲကို ကျင်းပပြု လုပ်ခဲ့ကြသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ထွက် ခရမ်းသီးများဈေးကောင်းရရှိနေ၍ မိသားစုစားဝတ်နေရေး အဆင်ပြေ
Aug 09,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကိုအခြေခံ၍ အဓိကစီးပွားရေးအဖြစ်အသက်မွေးဝမ်းကျောင်း ပြုကြပြီး ဒေသနှင့် ကိုက်ညီသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးရောင်းချကြရာ ယခု ခရမ်းသီးများ စတင်ခူးဆွတ်ရောင်းချချိန်၌ ဈေးကောင်းရရှိနေ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် အလက(မြောက်ကုန်း)ကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 09,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် လူရည်မွန်ကောင်းများပေါ်ထွန်းစေရန် ရည်ရွယ်၍ ဩဂုတ် ၇ ရက်၊ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ အ.လ.ကမြောက်ကုန်း ကျောင်းအစည်းအဝေးခန်းမ၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ
Aug 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မောင်ခင်မင်(ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး
Aug 09,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ပွင့်ဖြူ)နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းစနစ်တကျ ပြုစုစောင့်ရှောက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း(၄/၂၀၂၃) သင်တန်းအား ဩဂုတ် ၂ ရက်နေ့မှ စတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဇော်ထံမှ သိရသည်။
မြစ်သား(အ.ထ.က)ကျောင်း၌ ဝါတွင်းကာလ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Aug 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ အပတ်စဥ် အဝေးဖိတ်နေ့တိုင်းဖွင့်လှစ် သင်ကြားပေးလျက်ရှိသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ယမန်‌နေ့မွန်းလွှဲ (၂)နာရီအချိန်က မြစ်သား (အ.ထ.က)ကျောင်း ကျန်စစ်သားအစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
တမူးမြို့နယ်တွင် ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးသန့်မျိုးစေ့ထုတ် (ဧရာမင်း) မျိုးစပါး စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်​ပြ စိုက်ပျိုး
Aug 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ရာသီဥတု ဒဏ်ခံနိုင်သည့် မျိုးသန့် မျိုးစေ့ထုတ် ( ဧရာမင်း) မျိုးစပါး စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်​ပြ စိုက်ပျိုးခြင်းကို သြဂုတ်လ (၇) ရက်နေ့ နံနက်(၈) နာရီအချိန်က တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာအုပ်စု၊ တောင်သူ ဦးစိုးလွင်၏ ကွင်းအမှတ် ၂၅၃ ၊ဦးပိုင်အမှတ် (၃၀၃)ရှိ (ဧရာမင်း) စပါးမျိုးစေ့ထုတ် စိုက်ကွက်(၂) ဧကတွင်   စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အကူအညီဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ကောက်စိုက်စက်(လက်ဆွဲ)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Aug 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဥ်ဖြင့် မှာယူထားသည့် ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်း ကောက်စိုက်စက် (လက်ဆွဲ)ဖြင့် ရက်(၉၀) စပါးမျိုး မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို သြဂုတ် ၇ ရက်နေ့လယ် ၂နာရီ အချိန်က ကျခတ်ဝါးရုံကျေးရွာအုပ်စု ကွင်းအမှတ်(၂၅၉) တောင်သူ ဦးမြင့်ကြိုင်၏ လယ်မြေ (၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။