ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်းနှင့် သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး

မောင်တော ဩဂုတ် ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ပေးအပ်ထားသော တာဝန်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပြီး၊ မျိုးစပါးများ အချိန်မှီ ဆက်လက်စိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်စေလိုကြောင်း၊ သွင်းအားစုများအနေဖြင့် ဓာတ်မြေသြဇာအပြင် သဘာဝဓာတ်မြေသြဇာပါထည့်သွင်း သုံးစွဲရန်လိုကြောင်း အီးအမ်ဘိုကာရှီ မြေဆွေး ပြုလုပ်သုံးစွဲနည်း စူပါအီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းများအား တောင်သူ များသိရှိသုံးစွဲနိုင်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်း၍ သရုပ်ပြ ရှင်းလင်းပြုလုပ် သုံးစွဲနည်းများ ပိုမိုဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လာလျှင် ကူညီကယ်ဆယ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်သတိပေးဆောင်ရွက်ထားကြရန်နှင့်  မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ပြီး မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီး၏ ရွှေထီးတော်မှာ တိမ်းစောင်းခဲ့သဖြင့် ရွှေထီးတော်အသစ် ပြန်လည်တင်ဆောင်နိုင်ရေး ဆောင်ရွက်နေမှုများ၊ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ထောက်ပံ့ပေးအပ်မှုနှင့် လက်ခံ ရရရှိမှုများအား စာရင်းဇယားများဖြင့်  စနစ်တကျ မှတ်တမ်းထားစေလိုကြောင်းနှင့် ဘုန်းတော်ကြီး ကျောင်းများ တည်ဆောက်နေမှု ကိစ္စရပ်များအား အသေးစိတ် တင်ပြကြစေလိုကြောင်း စသည့်တို့ကို မှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊  မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီး ရွှေထီးတော် အသစ်တင်လှူနိုင်ရေး ဆောင်ရွက်နေမှုများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိက အဆောက်အဦများ ပြန်လည်တည်ဆောက်ပေးလျက်ရှိသည့် အခြေအနေများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တော-အငူမော်လမ်းရှိ လမ်းတစ်ချို့ ပျက်စီးနေမှုများအား အသေးစိတ် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား အသေးစိတ်တင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးသည် ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ သီဟိုကျွန်းကျေးရွာတွင် ကွင်းအမှတ် ၉၉(က) ရှိတောင်သူ ၄ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ဧက ၁၀ တွင် ဆင်းသုခမျိုးစပါးပျိုးထောင် စိုက်ပျိုးနေမှုများအား သွားရောက်ကြည့်ရှု အားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  မျိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့ကြကာ  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်