သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ(၁) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်က  ကလေးသူငယ်နှင့်ပတ်သက်၍ ပြစ်မှူပြစ်ဒဏ်များအကြာင်း ပြေကြားပေးခဲ့ပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းခိုင်က သိမှတ်ဖွယ်ရာ ကလေးတို့၏ အခွင့်အရေး အကြောင်းအရာများ၊ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် ကလေးသူငယ်အခွင့်အရေးများ အကျဉ်းချုပ်ကို ပြောကြားပေးခဲ့သည်။       

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ (၆၀၀)ခန့်အား ဗလာစာအုပ် တစ်အုပ်စီနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)