ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပေါက်တော ဩဂုတ် ၁၆

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (Book Club) အဖွဲ့ဝင်တို့နှင့် ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပကြသည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် (Book Club)  အဖွဲ့ဝင် မောင်မောင်ထွန်း၊ မောင်ဝင်းနိုင်ထွန်း ၊ မခိုင်ခိုင်ဦး တို့က စာရေးဆရာကျော်ဝင်း ရေးသားသော တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတည်ဆောက်ရေး စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။

ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ်စကားဝိုင်းနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူး ပြီး ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက် ရှိကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)