မိုင်းတုံ ဩဂုတ် ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းကစာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖာချယ်မူလွန်ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဝင်းဝင်းခိုင်က ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆိုးကျိုးများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများအား နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မျိုးကျော်စိုး(ပြန်/ဆက်)