မိတ္ထီလာမြို့နယ်၌ သမဝါယမအသင်းများမှ အသင်းသားတောင်သူများ၏ မိုးစပါးနှင့် ဝါစိုက်ပျိုးထားရှိမှု ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဩဂုတ် ၂၁

မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု ရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့် ရေဝေကျေးရွာ မြာရဝေစိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသော မိုးစပါးစိုက်ခင်းများနှင့် မြို့နယ်သမဝါယမအသင်းစုရန်ပုံငွေဖြင့် လှည်ပွဲကျေးရွာ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမသင်းမှ အသင်းသား တောင်သူများစိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများနှင့် Pilot Project ဖြင့် ဆောင်ရွက်နေသည့် ဝါစိုက်ခင်းများကို မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုရန်ပုံငွေဖြင့် မကျီးကန်၊ လှည်းပွဲ၊ ကုက္ကိုကုန်း၊ ရေဝေနှင့် အင်းကျေးရွာတို့တွင် သမဝါယမအသင်းသားတောင်သူ ၁၇၉ ဦးက မိုးစပါး ၄၂ဝဧက နှင့် ဝါ ၇၈.၅ ဧက စိုက်ပျိုးထားရှိကြောင်းသိရသည်။

ချမ်းသာ