သနပ်ပင် စက်တက်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲ အချိန်က မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းစည်းကမ်းများနှင့် သင်ကြားမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းအောင်သိန်းနှင့် တာဝန်ရှိသူတို့က တက်ရောက်လာသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများအား ပေးအပ်ခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအား သင်တန်းနည်းပြဆရာ (၃) ဦးက စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှ (၄.၉.၂၀၂၃) ရက်နေ့မှ (၂၉.၉.၂၀၂၃) နေ့ထိ ဖွင့်လှစ်ကာသင်းကြားပေးမည်ဖြစ်၍ သင်တန်းသို့ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်းအား (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)