နမ့်ဆန်မြို့နယ်တွင် လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်

နမ့်ဆန် စက်တင်ဘာ ၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်ရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် (၂)နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း MCCT အစီအစဉ်အရ နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)အောက်ကလေးများအား တစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၅၀၀၀)ကျပ်နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက်(၃)လစာထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ‌လွယ်ဆိုင်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများ၏ တာဝန်ရှိသူများလက်ဝယ်သို့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က စတင်ထုတ်ပေးခဲ့ကြောင်းသိရသည်။

၎င်းကဲ့သို့ ထုတ်ပေးရာတွင် နမ့်ဆန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးပေါင်း(၉၃၉)ဦးအတွက် ထောက်ပံ့ငွေ (၃၉,၉၉၀,၀၀)ကျပ် သုံးရာကိုးဆယ့်ကိုးသိန်းသုံးသောင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုတာဝန်ရှိသူများ လက်ဝယ်သို့ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု တာဝန်ရှိသူများက သက်ဆိုင်ရာကိုယ်ဝန်‌ဆောင်မိခင်နှင် ၎င်းတို့မှမွေးဖွားလာသည့် (၂)နှစ်အောက်ကလေးများ လက်ဝယ်အရောက် ထပ်ဆင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)