တနင်္သာရီမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယာဉ်မောင်းမွမ်းမံသင်တန်း အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ

တနင်္သာရီ စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးခန်းအတွင်း ယမန်နေ့နံနက် ၉ နာရီအချိန်က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအား မော်တော်ယာဉ် ယာဉ်မောင်းသင်တန်း အမှတ်စဉ် (၄/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်၊ မြို့နယ်(လဝက)ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ကြွယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ အမှုဆောင်အရာရှိ ဒေါ်ချိုချိုခန့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ချောင်းငယ်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူးအေးနိုင်၊ ဒုတပ်ခွဲမှူးခင်မောင်မြင့်နှင့် သင်တန်းသားများ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက မီးသတ်ဦးစီးဌာနမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ မီးသတ်ယာဉ်အမျိုးမျိုးမှာ လိုအပ်ချက်အရ ယာဉ်မောင်းအဖြစ် ထပ်မံတာဝန်ချထားနိုင်ရန်၊ မီးသတ်ယာဉ်များ ကိုင်တွယ်မောင်းနှင်းရာတွင် ယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေ၏အလေးချိန်/ဖိအားနှင့် လှုပ်ရှားမှုသဘောတရားများကို နားလည်သိရှိပြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်နိုင်စေဖို့အတွက် ယခုကဲ့သို့ ယာဉ်မောင်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများက သင်ကြားပြသပေးသည့် စာတွေ့လက်တွေ့ဘာသာရပ်များကို ဂရုတစိုက် လေ့လာမှတ်သားကြရန် အဖွင့်အမှာစကားပြောကြားပေးသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမျိုးမျိုးနိုင်က ယာဉ်မောင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်ပြေားကြားသည်။

အဆိုပါ ယာဉ်မောင်းသင်တန်းတွင် မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၁၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၄ ရက်မှ ၁၅ ရက်)နေ့အထိ ရက်သတ္တပတ်(၂)ပတ်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)