ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ပန်းတောင်း စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ခေါင်းဆောင်သောအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များအား မွေးမြူရေးဇုန်တွင် တိရစ္ဆာန်များမွေးမြူရန် မြေနေရာလျှောက်ထားခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ စက်မှုဇုန်အကောင်အထည်ဖော်ရန်အတွက် ၎င်းတို့ဌာနနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ခေါင်းဆောင်သောအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၄၅) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)