မောင်တော စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့ နံနက် ၇ နာရီအချိန် မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးကိုကိုလေး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်၊ အမှတ်(၄၆) မူးယစ်ရဲတပ်ဖွဲ့စု ရဲမှူးမြင့်သောင်း ၊ မြို့မရဲစခန်းမှူး ဒုတိယရဲတပ်ဖွဲ့မှူး ထွန်းနိုင်၊ လူကုန်တား ရဲတပ်ဖွဲ့ ဒုတိယရဲမှူး စံမင်း ၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းလှိုင်နှင့် ပူးပေါင်းရဲတပ်ဖွဲ့ ဝင်များက (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ဦးရွှေစည်း ခုံစေတီတော်ကြီးတွင် ဘုရားဖူး ပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် စေတီအနီးအနားရှိ အမှိုက်သရိုက်များ ကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း ၊ စေတီတော် ရင်ပြင်အနီး တံမြက်စည်းလှဲခြင်း ၊ ဘုရား ပရဝဏ် အတွင်း/အပြင်များတွင် သန့်ရှင်းရေးပြုလုပ်ခြင်း ၊ စေတီတော်အနီးရှိ သုံးရေကန်အား ရေဆေး ကြောခြင်း ၊ ရေကန်အထဲရှိ အမှိုက်များအား ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)